တကယ့်ကို အမှတ်တရရှိခဲ့တာအမှန်ပါ...
ဘယ်အချိန်ကလည်းလို့တော့ မမေးပါနဲ့ ငါ့ကိုငါတောင်သတိမထားခဲ့မိဘူး...
ဘာတွေကိုအမှတ်တရရှိနေသလဲလို့လဲမမေးပါနဲ့ ဘာတွေအမှတ်ရနေမှန်းလည်းစဉ်းစားလို့ကိုမရဘူး...
ဒါပေမယ့်...
ချက်တင်ပျင်းတဲ့ငါ...မင်းကိုအရေးတယူရှိခဲ့တယ်ဆိုတာကိုတော့ ၀န်ခံပါရစေ...
သူများအကြောင်းတွေကို သိပ်စိတ်မ၀င်စားတဲ့ငါ မင်းအကြောင်းကိုအလေးအနက်ရှိခဲ့တာကိုလည်းဝန်ခံပါရစေ....
တကယ်တမ်းပြန်စဉ်းစားကြည့်ရင်....
မင်းနဲ့မှ ငါမဟုတ်တဲ့ငါဖြစ်ခဲ့ရတယ်
မင်းနဲ့မှ ငါမဖြစ်ချင်ဆုံးငါလည်းဖြစ်ခဲ့ရတယ်
ဒါတွေကိုမင်းတစ်ယောက်တော့ သိလိမ့်မယ်မထင်ဘူး....
ဇွန်လ (...) ရက်နေ့ဟာ ငါတကယ်သွေးပျက်ခဲ့ရတဲ့ နေ့တစ်နေ့ဆိုတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး.....
ကျကွဲသွားတဲ့ ငါ့မာနတွေကို တစ်စစီကောက်ယူရင်း
ငါ့နှလုံးသားရဲ့တစ်နေရာမှာထင်ကျန်ခဲ့တဲ့ မင်းအကြောင်းတွေကို
တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် ဒီစာမျက်နှာပေါ်မှာမှတ်တမ်းတင်လိုက်မယ်
ကိုယ်မင်းကို သတိရတယ်...